Blogger.com မှာ Log in လုပ်လိုက်ပါ။
ကိုယ် နာမည်ပြောင်းချင်တဲ့ ဘလော့ဂ်ရဲ့ Setting ကို ၀င်လိုက်ပါ။
အပေါ်ပုံမှာ တွေ့တဲ့အတိုင်း Publishing ဆိုတဲ့ Tab ကိုရွေးပါ။ နောက်ပြီး အဲဒီအထဲမှာ Switch to: Custom Domain (Point your own .....) ကိုတွေ့အောင်ရှာပါ။ တွေ့ရင် Custom Domain ကို ကလစ်နှိုတ်ပါ။
အပေါ်ပုံရဲ့ ညာဘက်အောက်ထောင့်မှာ Already own a domain? Switch to Advanced settings ကို တွေ့ပါလိမ့်မယ်။ တကယ့် page မှာတော့ ညာဘက်အောက်ထောင့် မဟုတ်ပါ။ တွေ့ရင် Switch to advanced settings ကို ကလစ်နှိုတ်ပါ။
ဒါဆို အပေါ်ပုံကို တွေ့ရပါမယ်။ အဲဒီအထဲက Your Domain http:// ဆိုပြီး ကွက်လပ်တွေ့ပါလိမ့်မယ်။ အဲဒီကွက်လပ်မှာ ကိုယ်ပိုင် လိပ်စာကို ထည့်ပါ။ ဥပမာ pikay.myanmarbloggers.org (or) www.pikay.co.cc ပေါ့။
နောက်ပြီး ကျနော်တို့ ၀ယ်ထားတဲ့ ဒိုမိန်း (သို့) Free Domain Service မှာ Setting လုပ်ရပါမယ်။ တကယ်လို့ myanmarbloggers.org မှာ နာမည်တောင်းထားရင်တော့ ဒီအပိုင်းကို Domain Admin က လုပ်ပေးပါလိမ့်မယ်။ စာဖတ်သူ အနေနဲ့ ဆက်လုပ်စရာ မလိုတော့ပါဘူး။ ကိုယ့်ဖာသာ Setting ၀င်ပြင်ရမယ်ဆိုရင်တော့
Host Record မှာHost Name : yourname (e.g. pikay)
Host Address : ghs.google.com.
Host Type : CNAME
ဆိုတာလေးတွေ ပြင်ပေးပါ။
ဒါဆိုပြီးပါပြီ။ သူတို့ (Blogger.com) လွှဲလို့ အပြီးကို စောင့်ရုံပါပဲ။ လုပ်ကြည့်ပါ။ ဒီလို ဘလော့ဂ်ကို blogspot.com ကနေ ကိုယ်ပိုင် ဒိုမိန်းတစ်ခုကို ပြောင်းလိုက်ရင် စာဖတ်သူတွေအတွက် အတော် အဆင်ပြေပါမယ်။ ဘလော့ဂ်ရေးတဲ့လူ အဖို့တော့ ကျော်လွှားပြီး ရေးနေရဦးမှာပါ။ ဒါပေမယ့် စာဖတ်သူအဆင်ပြေတာ ကျနော်တို့စာရေးသူ တွေကိုလည်း တဖက်တလမ်းက အဆင်ပြေစေပါတယ်။




























